ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ ကိုယ်ချင်းစာတရား
4894ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၆။ ကိုယ်ချင်းစာတရားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

ကိုယ်ချင်းစာတရား

ပြင်ဆင်ရန်

တိရစ္ဆာန်များကို ကြင်နာပါ

တို့တစ်တွေမှာ၊ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ...
တို့တစ်တွေမှာ၊ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ် ...
(ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် ရွတ်ဆိုနိုင်ပါသည်။)

ကိုယ်ချင်းစာနာ ပြုမူပါ

ပြင်ဆင်ရန်

ရှေးအခါက ရွာတစ်ရွာတွင် လယ်သမားတစ်ဦး ရှိပါသည်။ သူသည် သူ၏ မိသားစုကို လယ် အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးသည်။ တစ်နေ့တွင် သူ၏ဘဝကို ငြီးငွေ့ လာပြီး တောထဲသို့ ထွက်လာခဲ့သည်။ ထိုအချိန်မှစ၍ တိရစ္ဆာန်လေးများကို သတ်ဖြတ်စားသောက်နေခဲ့ပါသည်။ ထိုသို့နေထိုင်ရင်း “ငါ အသက်ကြီး တဲ့အခါ သားကောင်တွေ အလွယ်တကူ ဖမ်းနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် အခုကတည်းက ခြံခတ်ပြီး သားကောင်တွေ စုထားရမယ်”ဟု တွေးမိသည်။ ထို့ကြောင့် လယ်သမားသည် သားကောင်များကို ခြံထဲတွင် စုဆောင်းထားပြီး ပုံမှန်သတ်၍ စားသောက်နေခဲ့သည်။

ထိုအကုသိုလ်များကြောင့် ကြာလာသောအခါ သူ၏ ခန္ဓာကိုယ်သည် အက်ကွဲလာသည်။ မျက်စိ များလည်း ကန်းသွားခဲ့သည်။ သူသည် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရလေသည်။

တစ်နေ့သောအခါ သိဝိမင်းကြီးသည် တောကစားထွက်ရင်း ထိုနေရာသို့ ရောက်လာခဲ့သည်။ ထိုလယ်သမားကို မြင်သောအခါ “ဘာ့ကြောင့် ခုလိုမျိုး ဝေဒနာတွေ ခံစားနေရသလဲ”ဟု မေးမြန်းသည်။ ထိုအခါ လယ်သမားက သူသည် ကိုယ်ချင်းစာတရား ကင်းမဲ့စွာဖြင့် တိရစ္ဆာန်လေးများကို သတ်ဖြတ်စားသောက် ခဲ့သောကြောင့် ဤကဲ့သို့ ပြင်းထန်သော ဝေဒနာများ ခံစားနေရခြင်းဖြစ်ကြောင်း ပြောပြလေသည်။ သိဝိမင်းကြီးသည် လယ်သမား၏ စကားကို ကြားရသောအခါ သူ့ကိုယ်သူ ဆင်ခြင်မိသွားသည်။ ထိုအချိန်မှ စ၍ မင်းကြီးသည် ကိုယ်ချင်းစာနာစိတ်ဖြင့် တိရစ္ဆာန်လေးများကို ဘေးမဲ့ပေးလိုက်လေတော့သည်။