ကိုရင်လေးသုမန
သင်ခန်းစာ (၁၇)
ကိုရင်လေး သုမန
ပြင်ဆင်ရန်မြတ်စွာဘုရား လက်ထက်တော်အခါက ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါး ရှိခဲ့သည်။ သူ၏ဘွဲ့မှာ ရှင်သုမနဖြစ်သည်။ သူသည် ဆရာနှင့်အတူ ခရီးထွက်လာရာ တောကျောင်းတစ်ကျောင်းတွင် ညအိပ် ခဲ့ကြသည်။ ညအချိန်တွင် ဆရာသည် တရားအားထုတ်ရင်း လေနာရောဂါဖြစ်လာသည်။ ကိုရင်လေးသည် လေနာရောဂါ ပျောက်ကင်းနိုင်သော ဆေး ရှိ၊ မရှိ ဆရာအား မေးမြန်းလေသည်။ ဆရာက ဒေါသ အလွန်ကြီးသော နဂါးမင်းကြီးစောင့်သည့် ရေအိုင်မှ ရေကို ရပါက ပျောက်ကင်းနိုင်ကြောင်း ပြောလေသည်။
ထို့ကြောင့် ကိုရင်လေးသည် နဂါးမင်းကြီး၏ ရေအိုင်သို့ ကြွသွားပါသည်။ နဂါးမင်းကြီးက သူ၏ ပါးပျဉ်းကြီးဖြင့် ရေအိုင်တစ်ခုလုံးကို ဖုံးထားသည်။ ကိုရင်လေးက ဆရာကို ဆေးကုဖို့ ရေတစ်အိုးစာလောက် ယူခွင့်ပြုပါရန် နဂါးမင်းကြီးကို ခွင့်တောင်းသည်။ နဂါးမင်းကြီးက “ကိုရင်... သင့်မှာ အစွမ်းအစရှိရင် ရအောင် ယူပါ”ဟု ဆိုလေသည်။ ထိုအခါ ကိုရင်လေးသည် သူ၏ ခန္ဓာကိုယ်ကို တန်ခိုးဖြင့် ကြီးမားအောင် ဖန်ဆင်းပြီး နဂါးမင်းကြီး၏ ပါးပျဉ်းပေါ်ကို တက်နင်းလိုက်လေသည်။ နဂါးမင်းကြီးသည် ခေါင်းငိုက်စိုက်ကျသွားပြီး ပါးပျဉ်းအောက်မှ ရေများ ပန်းထွက်လာရာ ကိုရင်လေးက အိုးဖြင့် ခံယူလိုက်သည်။
ကိုရင်လေး သယ်ဆောင်လာခဲ့သော ရေကို သောက်သုံးပြီး ဆရာ၏ လေနာ ရောဂါ သက်သာပျောက်ကင်းသွားခဲ့သည်။ ထိုအခါ ဆရာတပည့်နှစ်ပါးတို့သည် မြတ်စွာဘုရား ကျောင်းတော်သို့ ဆက်လက်ထွက်ခွာခဲ့ကြလေသည်။
ရဟန်းသာမဏေ တို့ရိုသေ
ပြင်ဆင်ရန်ဘုရားသားတော် ရဟန်းသံဃာ၊
ရိုသေ လေးစားမှာ။
လက်အုပ်ချီကာ ဦးနှိမ်ချ၊
အမြဲ ရှိခိုးကြ။
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊
ထူးတဲ့ ရှင်သာမဏေ။
တို့တစ်တွေ ရှိခိုးလို့၊
ကုသိုလ်ယူကြစို့။ ။