ကိုရင်ငယ်လေးပါး
သင်ခန်းစာ (၁၃)
ကိုရင်ငယ်လေးပါး
ပြင်ဆင်ရန်ကိုရင်သံကိစ္စ၊ ကိုရင်ပဏ္ဍိတ၊ ကိုရင်သောပါကနှင့် ကိုရင်ရေ၀တတို့သည် ခုနစ်နှစ်သားအရွယ် ရဟန္တာများ ဖြစ်ကြပါသည်။ တစ်နေ့တွင် ဆွမ်းအလှူခံရန် လာပင့်သော သူဌေးကြီး၏ အိမ်သို့ သူဌေးကြီးနှင့်အတူ ဆွမ်းခံကြွကြသည်။ အသက်ငယ်သော ကိုရင်လေးများကို ပင့်လာသောကြောင့် သူဌေးကတော်ကြီးက သဘောမကျခဲ့ပေ။ ဆရာတော်ကြီးများကို သွားရောက်ပင့်ရန် သူဌေးကြီးကို ဇေတဝန်ကျောင်းတော်သို့ ထပ်မံစေလွှတ်လိုက်၏။
သူဌေးကြီးက အရှင်သာရိပုတ္တရာကို ပင့်လာ၏။ အရှင်သာရိပုတ္တရာက ကိုရင်လေးများအား ဆွမ်းရပြီလားဟု မေးသည်။ ကိုရင်လေးများက မရသေးကြောင်း လျှောက်ထားကြသည်။
လေးပါးစာဆွမ်းသာရှိကြောင်းသိ၍ အရှင်သာရိပုတ္တရာ ပြန်ကြွသွား၏။ သိကြားမင်းသည် ပုဏ္ဏားအိုယောင်ဆောင်၍ ကိုရင်လေးများကို လာရောက်ကန်တော့သည်။
လာရောက်ကန်တော့သူမှာ သိကြားမင်းဖြစ်ကြောင်း သူဌေးကြီးလင်မယား သိသွားသော အခါ ကိုရင်လေးများကို လေးစားကြည်ညိုပြီး ဆွမ်းလောင်းလှူကြသည်။ ကိုရင်လေးများ ကလည်း တန်ခိုးအမျိုးမျိုးပြ၍ ကျောင်းသို့ ပြန်ကြွခဲ့ကြသည်။
ရဟန်းသာမဏေ တို့ရိုသေ
ပြင်ဆင်ရန်ဘုရားသားတော် ရဟန်းသံဃာ၊
ရိုသေ လေးစားမှာ။
လက်အုပ်ချီကာ ဦးနှိမ်ချ၊
အမြဲ ရှိခိုးကြ။
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊
ထူးတဲ့ ရှင်သာမဏေ။
တို့တစ်တွေ ရှိခိုးလို့၊
ကုသိုလ်ယူကြစို့။ ။