ဘုန်းကံကြီးလှ ကိုရင်တိဿ
သင်ခန်းစာ (၁၄)
ဘုန်းကံကြီးလှ ကိုရင်တိဿ
ပြင်ဆင်ရန်ကျား၊ မ - ကိုရင်တိဿ ငယ်သေးလှ၊ အသက်ခုနစ်နှစ်ဗျ/ ရှင့်။
ကျား - ငယ်သော်ငြားလည်း ဘုန်းကံများ၊ အလွန်ကိုကြီးမား။
မ - ဘယ်လိုဘယ်လို ဘုန်းကံများ၊ ပြောပြစမ်းပါလား။
ကျား - ဆွမ်းခံထွက်ရင် ရတာအစဉ်၊ ဆွမ်းအုပ်ငါးရာပင်။
သင်္ကန်းဆိုရင် ရတာက တစ်ထောင်အတိဗျ။
မ- ကြီးမားဘုန်းကံ အကြောင်းမှန်၊ တစ်ဖန်သိလိုပြန်။
သိလိုပါက ပြောမယ်ဗျ၊ သေချာနားထောင်ကြ။
လှူဒါန်းလိုတဲ့ ဝါသနာ၊ အမိဝမ်းထဲကပါ။
နို့ဆန်ပြုတ်နဲ့ သင်္ကန်းမြတ်၊ လှူတယ်အဆက်မပြတ်။
ကျား – လှူတဲ့အခါ စိတ်ကြည်သာ စေတနာအပြည့်ပါ။
ကျား၊ မ - ဘုန်းကံကြီးမား ကိုရင်အား၊ ရိုသေစွာ ညွတ်တွား။
အတုယူကြမယ်ဗျာ/ ရှင့်။ ။
ဘုန်းကံကြီးလှ ကိုရင်တိဿ
ပြင်ဆင်ရန်တိဿလေးသည် မွေးကင်းစ အရွယ်ကပင် သံဃာတော်များကို လှူချင်၏။ သူ၏ မွေးနေ့ပွဲတွင် ပင့်ထားသော သံဃာတော်များကို လှူလိုသဖြင့် အိပ်ရာခင်းကို လက်ဖြင့် ဆွဲထားသည်။ ထိုအိပ်ရာခင်းကို မိဘများက သံဃာတော်များအား လှူပေးရသည်။ တိဿလေး ခုနစ်နှစ်အရွယ်ရောက်သောအခါ ကိုရင်ဝတ်သည်။ ရှေးဘဝက အလှူဒါနများစွာ ပြုလုပ်ခဲ့သောကြောင့် ဆွမ်း၊ သင်္ကန်းများ ပေါများ၏။ အလှူခံရသမျှ ဆွမ်း၊ သင်္ကန်းစသည့် အလှူပစ္စည်းများကို ကျောင်းရှိ ရဟန်း၊ သာမဏေတို့အား လှူဒါန်းလေ့ရှိသည်။
အအေးလွန်ကဲသည့် ဆောင်းရာသီရောက်သောအခါ ခြုံစောင် မလုံလောက်၍ ရဟန်း၊ သာမဏေများ စာမကျက်နိုင်ကြပေ။ ကိုရင်တိဿ သိသွားသောအခါ ရဟန်း၊ သာမဏေများအတွက် အလှူခံပေး၏။ ကိုရင်တိဿ၏ ဘုန်းကံကြောင့် ရဟန်း၊ သာမဏေများ ခြုံစောင်များ ရရှိသွားကြသည်။