မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၉။ စည်းရိုးထဲမှာရွာ
1072မောင်ခွေးဖို့ ကဗျာများ — ၃၉။ စည်းရိုးထဲမှာရွာမင်းသုဝဏ်

၁။ စည်းရိုးထဲမှာ ရွာ (၂၂ ယောက်ဆို)
၂။ ရွာအထဲမှာ ရပ် (၂၀ ။ )
၃။ ရပ်အထဲမှာ လမ်း (၁၈ ။)
၄။ လမ်းအထဲမှာ ဝင်း (၁၆ ။ )
၅။ ဝင်းအထဲမှာ အိမ် (၁၄ ။ )
၆။ အိမ်အထဲမှာ ဆောင် (၁၂ ။)
၇။ ဆောင်အထဲမှာ ခန်း (၁၀။ )
၈။ ခန်းအထဲမှာ အုပ် (၈ ။ )
၉။ အုပ်အထဲမှာ အစ် (၆ ။ )
၁၀။ အစ်အထဲမှာ ဘူး (၄ ။ )
၁၁။ ဘူးအထဲမှာ နှမ်း (၂ ။ )
၁၂။ နှမ်းရှိတာက ဘူး (၄ ။ )
၁၃။ ဘူးရှိတာက အစ် (၆ ။ )
၁၄။ အစ်ရှိတာက အုပ် (၈ ။)
၁၅။ အုပ်ရှိတာက ခန်း (၁၀ ။)
၁၆။ ခန်းရှိတာက ဆောင် (၁၂။ )
၁၇။ ဆောင်ရှိတာက အိမ် (၁၄။ )
၁၈။ အိမ်ရှိတာက ဝင်း (၁၆ ။)
၁၉။ ဝင်းရှိတာက လမ်း (၁၈ ။)
၂၀။ လမ်းရှိတာက ရပ် (၂၀ ။)
၂၁။ ရပ်ရှိတာက ရွာ(၂၂ ။)
၂၂။ စည်းရိုးကြီးနဲ့ပါ။ (အားလုံးဆို)

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.