မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၈။ ရွှေကြိုးကြာ
3020မောင်ခွေးဖို့ ကဗျာများ — ၃၈။ ရွှေကြိုးကြာမင်းသုဝဏ်

ရွှေကြိုးကြာ ပျံမယ်ဆို
ငွေကြိုးကြာ ပျံမယ်ဆို
မိုးကောင်းကင်ထဲကို။
ရွှေမိုးညိုရှင် ဘယ်ကိုသွားမယ်
ရွှေမိုးညိုရင် ဘယ်မှာနားမယ်။
တောင်ကြီးဆီကို ကြိုးကြာသွားမယ်
တောင်ကြီးပေါ်မှာ ကြိုးကြာနားမယ်။
ရွှေကြိုးကြာ တောင်ပံကားရယ်
ငွေကြိုးကြာ တောင်ပံကားရယ်
မိုးပျံလို့သွား။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.