1120ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၃။ စိတ်ကောင်းထားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

စိတ်ကောင်းထားကြမယ်

ပြင်ဆင်ရန်

စိတ်ထားမကောင်းသော ငှက်မ

ကြက်တူရွေးများသည် တောအုပ်တစ်ခုတွင် စုပေါင်းနေထိုင်ကြသည်။

လမ်းပေါ်တွင် ကျကျန်ခဲ့သော စပါးစေ့၊ ပဲစေ့များကို ပျော်ပျော်ပါးပါး စားသောက်လေ့ရှိကြသည်။

ကြက်တူရွေးမကြီးတစ်ကောင်သည် ပျော်ပျော်ပါးပါး စားနေကြသော ၊ အခြားကြက်တူရွေးများကို ကြည့်၍ မကျေမနပ် ဖြစ်နေသည်။ စားစရာများကို သူ တစ်ကောင်တည်း စားရန် ကြံစည်နေသည်။

“လမ်းမပေါ်မှာ အန္တရာယ်ရှိတယ်၊ မသွားကြနဲ့”ဟု မဟုတ်မမှန် ပြော၏။ အခြားကြက်တူရွေးများ မလာရဲတော့သဖြင့် သူတစ်ကောင်တည်း စားနေခဲ့လေသည်။

စပါးစေ့များကို လောဘတကြီး စားနေသော ကြက်တူရွေးမကြီးသည် လှည်းကြိတ်ခံရပြီး သေဆုံးသွားခဲ့လေသည်။

မနာလိုခြင်း ကင်းကြစေ

ပြင်ဆင်ရန်

သူလိုအပ်တာ ကိုယ်ကပေးလို့၊
ကူညီပေးဖို့ တို့တစ်တွေ။
စိတ်ထားကောင်းကို ထူထောင်သွားလို့၊
ဖြူအောင်ထားဖို့ အမြဲပေ။
ကိုယ့်ထက်သာရင် သူငယ်ချင်းတို့၊
မနာလိုခြင်း ကင်းကြစေ။
ဝန်တိုစိတ်များ သတိထား၊
ရှောင်ရှားကြမယ်လေ။
အဲဒါမှ တို့လူငယ်များ
စိတ်ထားမြတ်မယ်လေ။ ။