သူရဲကောင်းငါးကလေးများ
သင်ခန်းစာ (၃၂)
သူရဲကောင်း ငါးကလေးများ
ပြင်ဆင်ရန်ရေမြွေတစ်ကောင်သည် ငါးကလေးများကို ကြည့်ပြီး အလွန်စားချင်နေသည်။ ငါးကလေးများ ငါးဖမ်းသမား၏ မြုံးထဲ၌ မိနေစဉ် ရေမြွေက ဝင်လာသည်။
မြုံးထဲသို့ ဝင်လာသောရေမြွေကို ငါးကလေးများက ညီညီညွတ်ညွတ် ဝိုင်းကိုက်ကြသည်။
ငါးကလေးများ၏ စုပေါင်းအားကြောင့် ရေမြွေကြီးသည် အဝေးသို့ ထွက်ပြေးသွားရသည်။
ဒဏ်ရာများဖြင့် ထွက်ပြေးလာသော ရေမြွေကို မြင်၍ ဖားညိုကြီးက ရယ်မောလေသည်။
စည်းလုံးခြင်း
ပြင်ဆင်ရန်ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်၊
ငါးလေးများအသွင်။
အကူအညီလိုရင် ညီညာမနှေး၊
ဝိုင်းဝန်းကူညီပေး။
ဖေးဖေးမမ ညီအစ်ကို၊
မောင်နှမတွေလို။
ကြိုဆိုကာ လက်ချင်းဆက်၊
စည်းလုံးခြင်းအတွက်။ ။