မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၈။ ဆန်လုံးညို
1177မောင်ခွေးဖို့ ကဗျာများ — ၁၈။ ဆန်လုံးညိုမင်းသုဝဏ်

ကောင်းကင်ဝမှာ ထိန်ထိန်သာ
ပေးပါထမင်း ပေးပါဟင်း
ဖိုးရွှေလမင်း ရွှေလမင်း။

အငွေ့လူလူ မွှေးကြူ ကြူ
ထမင်းဖြူလား ဟင်းပူလား
အို ကွဲ့ လူသား ကွဲ့လူသား။

အားအင်နုပျို ရွှမ်းရွှမ်းစို
ဆန်ညို ထမင်း ချဉ်ချိုဟင်း
ဖိုးရွှေလမင်း ရွှေလမင်း။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.