မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၇။ ရွှေခဲကြက်တူရွေး
3022မောင်ခွေးဖို့ ကဗျာများ — ၁၇။ ရွှေခဲကြက်တူရွေးမင်းသုဝဏ်

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲ စာပြန်တုန်း။
ဝလုံးရေးဘို့ ညီလေးထိုင်
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။