ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ တစ်ကိုယ်ရေ သန့်ရှင်းရေး
1275ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၉။ တစ်ကိုယ်ရေ သန့်ရှင်းရေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

တစ်ကိုယ်ရေသန့်ရှင်းရေး

ပြင်ဆင်ရန်

ကိုကိုနဲ့ညီညီ

ညီအစ်ကိုနှစ်ယောက်ရှိသည်။

ညီညီ မျက်နှာသစ်နေသည်။ ကိုကိုက မျက်နှာမသစ်ဘဲ ထွက်ပြေးသည်။

ညီညီက လက်ကို သန့်ရှင်းစွာ ထားသည်။ ကိုကိုက ညစ်ပတ်သည်။

ကိုကိုက ခေါင်းလည်းမဖြီး အုန်းဆီလည်း မလိမ်းပေ။

ညီညီအနားတွင် သူငယ်ချင်းအများကြီး ရှိသည်။ သန့်ရှင်းသော ညီညီကို အားလုံးက ချစ်ခင်ကြသည်။

တစ်ကိုယ်ရေ သန့်ရှင်းရေး

ပြင်ဆင်ရန်

ခြေသည်း လက်သည်း လှီးပါ့မယ်။
ချေးညှော် ကင်းအောင်ကွယ် ....။
မျက်နှာသစ်ကာ ရေချိုးစို့၊ ဆပ်ပြာတိုက်ပါလို့ ...။
ကိုယ်လက် သန့်ရှင်းထားပါ့မယ်။
သွားကို တိုက်ကာရယ် .. ခေါင်းကိုဖီးကာ ဆီလိမ်းလို့၊
မွှေးကြိုင် လန်းစေဖို့ .... ။ ။