3998ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၀။ သူငယ်ချင်းကောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သူငယ်ချင်းကောင်း

ပြင်ဆင်ရန်

မောင်ကဏန်း

လယ်သမားလေးနှင့် မောင်ကဏန်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ ကျီးမိုက်သည် လယ်သမားလေး၏ မျက်လုံးကို ဖောက်စားချင်နေသည်။

လယ်သမားကို ကိုက်ရန် ကျီးမိုက်က မြွေဟောက်ကို အကူအညီတောင်းသည်။ မြွေဟောက်က လယ်သမားလေး၏ ခြေထောက်ကို ကိုက်လိုက်သည်။

မောင်ကဏန်းလေးက မြွေနှင့်ကျီးကို ဖမ်းညှပ်ပြီး မြွေဆိပ်ကို ပြန်ထုတ်ခိုင်းသည်။

ဘေးရန်ကင်းသွားသော လယ်သမားလေးသည် သူငယ်ချင်းကောင်း မောင်ကဏန်းနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားလေသည်။

သူငယ်ချင်းကောင်း

ပြင်ဆင်ရန်

အစာစားလည်း အတူတူ၊
ကစား အတူတူ။
လဲကျသူကို လူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ
တို့များ ပျော်ရွှင်ကြ။ ။