တန်ဆောင်မုန်းလဘွဲ့ သဖြန်လေးဆစ်

1294တန်ဆောင်မုန်းလဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

လှူကထိန် သင်္ကန်းနှင့်
မဂ်လမ်းတဲ့ ဆုပန်းရွယ်
သည်ချိန်ကို ဝတ်မှုန်ကြဲလို့
ခဝဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။

ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ငွေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ပြောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။