နတ်တော်လဘွဲ့ သဖြန်လေးဆစ်

1565နတ်တော်လဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

ရှစ်ခွင်မှာ မြူဆင်းလို့
ငွေနှင်းတဲ့ နုစို
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်း ဘယ်ညာနှံ့
သင်းပျံ့သကို။

ယုဂန္ဓိုရ်
တောင်မိုထိပ်ဖျား
ငွေလစန္ဒီနှင့်
မိဂသီ ရောင်ခြည်ဖြန်းတယ်
မြန်းကြွတူသွား။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.