တပို့တွဲလဘွဲ့ သဖြန်လေးဆစ်
ရာသီချိန် ခါလှောက်လို့
လဲပေါက်ကယ်တဲ့ ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာ
ဆယ်စင်းလက်စုံကြူး
ဦးမြောက်လို့ချီ။
ငွေနှင်းရယ်စီ
သုံးလီသမယ
ရောင်ဖြိုးဝေစွာပ
မြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်သာ တောင်တော်စွန့်မှာ
ထွန်းလိမ့်မာဃ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |