2226ပြာသိုလဘွဲ့ သဖြန်လေးဆစ်ဖိုးသူတော် ဦးမင်း

ငွေသော်တာ စန္ဒနှင့်
ဖုသျှတဲ့ လမ်းဆုံ
တိမ်လွှာမှာ ရောင်ဝါကျင်းပါလို့
ထိန်ဝင်းစွာ တူပြိုင်ပတယ်
မြန်းကြခိုက်ကြုံ။

တောရဂုံ
မြိုင်စုံမြနန်း
နုစိမ်းစိုစိုနှင့်
ပန်းခွာညို ငုံတံထူးတယ်
ဖူးပွင့်ချက်ဆန်း။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.