မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၉။ တောက်တဲ့
1404မောင်ခွေးဖို့ ကဗျာများ — ၂၉။ တောက်တဲ့မင်းသုဝဏ်

နေမင်းပူပူ ခေါင်တိုင်ခေါင်းက
မိုးရေတောင်းတဲ့ ကိုဟဝါ။
ပိန်းလှရွက်လို သူ့အသားက
ပြောက်တောက်ကျားတား ဝါတာတာ။
တောက်တဲ့ဆိုတာ သူမှုတ်လားကွဲ
တို့အိမ်နားလဲ တစ်ကောင်ပါ။
မိုးလေခေါ်ကာ တစ်နွေလုံးပ
မိုးတွေချုန်းလို့ လေတွေလာ။
မိုးပါ လေပါ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.