မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၈။ သဘာဝ၏ပရိယာယ်
3627မောင်ခွေးဖို့ ကဗျာများ — ၂၈။ သဘာဝ၏ပရိယာယ်မင်းသုဝဏ်

နေဝင်ရိုးရီ
မီးရောင်ထဲ
ပလူပျံလို့ ဝဲ။
ပလူပဲလို့
အိမ်မြှောင်ညို
ကိုက်ဖို့မှောင်မှာ ခို။
မှောင်မှာခိုတဲ့
အိမ်မြှောင်ပုပ်
ကြောင်ကြီးဖမ်းလို့ ခုပ်။
ကြောင်ကြီးခုပ်လို့
ဆတ်ဆတ်တုန်
အမြီးပြတ်လို့ ခုန်။
အမြီးခုန်လို့
ကြောင်ကြီးငေး
အိမ်မြှောင် တက်လို့ပြေးတယ်လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.