တံမြက်စည်းလှည်းတဲ့ မင်းသားလေး
သင်ခန်းစာ (၁၉)
တံမြက်စည်းလှည်းတဲ့ မင်းသားလေး
ပြင်ဆင်ရန်တံမြက်စည်းလှည်းကြစို့
တောင်ကုန်းပေါ်က စေတီသာ၊ ဖူးကြရအောင်ကွာ။
ထုံးသင်္ကန်းမှာ ဖြူဖြူဖွေး၊ ပန်းတွေ တမွှေးမွှေး။
ရင်ပြင်ဘေးက ဇရပ်တွင်၊ သစ်ရွက်ခြောက်တွေ တင်။
ပတ်ဝန်းကျင် သန့်ရှင်းဖို့၊ တံမြက်စည်းလှည်းကြစို့။
တံမြက်စည်းလှည်းတဲ့ မင်းသားလေး
ပြင်ဆင်ရန်ရှေးအခါက မင်းသားလေးတစ်ပါးသည် တက္ကသိုလ်ပြည်ရှိ ဆရာကြီးထံသွား၍ ပညာသင်ခွင့် တောင်းခဲ့သည်။ မင်းသားလေးအသက်ရှင်ရန် ခုနစ်ရက်သာ ကျန်တော့သည်ကို ဆရာကြီးက သိ၍ နောက်ခုနစ်ရက်ကြာမှ ပြန်လာရန် ပြောလိုက်သည်။ အပြန်လမ်းတွင် မိုးချုပ်သွားသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဝင်၍ တည်းခိုသည်။ ကျောင်းဝင်းအတွင်းရှိ ညောင်ပင်မှ ညွတ်ကျ နေသော ညောင်ကိုင်းကို ဝါးလုံးဖြင့် ထောက်ပေးခဲ့သည်။ အမှိုက်များကို တံမြက်စည်းလှည်း၍ ရှင်းလင်းပေးခဲ့သည်။
ခုနစ်ရက်ပြည့်သောအခါ မင်းသားလေးသည် တက္ကသိုလ်ပြည်သို့ ပြန်သွား၏။ မင်းသားလေးမသေဘဲ ပြန်လာသည့်အတွက် ဆရာကြီး အလွန်အံ့သြသွားသည်။ “မည်သည့်ကုသိုလ်ကောင်းမှု များကို ပြုလုပ်ခဲ့သနည်း”ဟု ဦးကို မေးမြန်းသည်။ မင်းသားလေးက “လမ်းခရီးတွင် ဘုန်းကြီးကျောင်း၌ တံမြက်စည်းလှည်း၍ သန့်ရှင်းရေး လုပ်ခဲ့ ပါသည်”ဟု ဖြေကြားသည်။ ကျောင်းကန်ဘုရားအတွင်း တံမြက်စည်းလှည်းခဲ့သော ကုသိုလ်ကြောင့် သေဘေးမှ လွတ်ခဲ့သော မင်းသားလေးသည် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြား နိုင်ခဲ့လေသည်။ ။