မိဘကျေးဇူး
သင်ခန်းစာ (၂ဝ)
မိဘကျေးဇူး
ပြင်ဆင်ရန်သုတနုဆင်းရဲသားလေး
သုတနုဆင်းရဲသားလေးသည် လိမ္မာယဉ်ကျေး၍ ဉာဏ်ပညာထက်မြက်၏။ မိခင်အိုကြီးကို လုပ်ကျွေးနေသည်။ လူတိုင်းကိုလည်း ကူညီတတ်၏။ သူ့ကို အားလုံးက ချစ်ခင်ကြသည်။
ထိုအချိန်က ဘုရင့်အမိန့်ဖြင့် လူတစ်ယောက်နှင့် ထမင်းတစ်ထုပ်ကို ဘီလူးကြီးတစ်ကောင်ထံသို့ နေ့စဉ် ပို့ပေးရ၏။ ဘီလူးကြီးက မိမိနယ်မြေအတွင်း ရောက်လာသော ထမင်းလာပို့သူ အားလုံးကို စားလိုက်သည်။ အချိန်ကြာလာသောအခါ ဘီလူးကြီးထံသို့ ထမင်းထုပ်ပို့ရန် တစ်ယောက်မျှ မကျန်တော့ပေ။ ထို့ကြောင့် ဘီလူးကြီးထံ ထမင်းပို့ရဲသူကို ထိုက်တန်သော ဆုငွေများ ချီးမြှင့်မည်ဟု ကြေညာလိုက် သည်။
ဉာဏ်ပညာထက်မြက်သော သုတနုဆင်းရဲသားလေးက ဘီလူးကြီးထံသွားရန် လက်ခံလိုက်၏။ သုတနုက ဘီလူးကြီးအား အသိတရားရရန် ဟောပြောဆုံးမခဲ့သည်။ ဘီလူးကြီးက သူ့အမှားကို - သိသွားပြီး သုတနုအား အသက်ချမ်းသာခွင့်ပေးခဲ့သည်။
အသက်မသေဘဲ ပြန်လာသော သုတနုအား ဘုရင်ကြီးက စစ်သူကြီး ရာထူးချီးမြှင့် ခဲ့သည်။ အိမ်ပြန်လာသော စစ်သူကြီးသုတနုကို မိခင်အိုက ဝမ်းမြောက်ဝမ်းသာ ဆီးကြိုခဲ့ လေသည်။
ဖေဖေ မေမေ
ပြင်ဆင်ရန်ထမင်းဟင်း စားနိုင်ဖို့ စီမံကာရယ် ချက်ပြုတ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- ထမင်းဟင်း စားနိုင်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- အဝတ်အစား သန့်စင်ဖို့ ဖြူစင်အောင် လျှော်ဖွပ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
- အဝတ်အစားကောင်း ဝယ်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။