နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

1562နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်စာရေးကြီး ဦးမောင်ကလေး

နတ်လဟေမန် ဝသန်ကြွင်းကို
ဘန်ဘန်ငွေနှင်း ရီ့တရီ
ပြန်လှန်လေညှင်း ချီ့တချီငယ်
ကရိကသီ နိုင်ရန်ကော့။
တဧကတို့ ရွေမျာ့ခွင်ဝယ်
ပွေစငင်ငင် ခြုံဆဲတုန်ကြရော့။

မှုန်တံဆိပ်နှင့် ဂုဏ်ဟိတ်ကြွယ်သည်
လိပ်ခေါင်း ရွှေကြယ် လျှံအသော့။
မိတ်ကောင်းဆွေနွယ် ဟန်သာကြော့လို့
စံကာ မလျှော့ တင့်တညီ။
နတ်နန်းသွင်မေ မင်ကေကုံးမှာ
ဇင်ခွေဂမုန်း သစ်တဲ့ခါရာသီ။

ထုံးစဉ့်လျားပ ကစားချီသည်
ရထားသင်္ဂီ တင်စမြဲနှင့်
မဟာပိန္နဲ နတ်ရှင့်သဘင်
ကြည်နူးရွှင်ခိုက်တွင်။
ရွာစလိမ့်သို့ ပြာမှိန့်လွင်တယ်
ဘယ်ရာတိမ့်ရှင် မှောင်အုံးမယ်ထင့်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။