ပြာသိုလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
မဂန်းဘွေချာ မာလာပျို့သည်
ခွာပြာအညို့ သင်းကြည်ကြည်
ဖြာဖြာမချို့ နှင်းလည်လည်ဝယ်
ညှင်းလေစည်စည် ဆော်လှာလိမ့်။
မစုံသန့်တဲ့ ဘုံပြန့်မယ်မှာ
လုံအံ့ဘယ့်နှယ် ခြုံကွေးရှာတတ်လိမ့်။
တောင်ရွှေယံ့က မှောင်ဟန့် ပြန်သည်
ဝသန့်သဏ္ဌာန်တူပစိမ့်။
မတန့်ရကန် မြူအနိမ့်နှင့်
ကြူကြူသံအိမ့် ထင်ကာနှောင်။
ဖုသျှဗုဇွန် ယုန်ငွေနတ်တို့
ဂုဏ်နေဒြပ် ပြိုင်ထွန်း သာတင့်ဆောင်။
စက်ရင် သွင်းနှင့် မြင်းခင့်ပေါင်ကို
မင်းမင့်တန်ဆောင် ထွက်စံသိမ်းလို့
အောင်ကိန်းသံညှိ သျှန္တိမန္တန်
တရင်းသိဘွဲ့ညံ။
ဗြဟ္မာဆက်တဲ့ ရက်မြတ်မှန်ဝယ်
နက္ခတ်သင်္ကြံန် ခေါ်မြဲခါပလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |