နတ်တော်လဘွဲ့ လွမ်းချင်း
ရှုလေတိုင်းကိုတဲ့
ဝေမှိုင်းငယ်ဖြာဖြာ
လေညှင်းငယ်လာသည်
ဖော်မပါ တူမစုံလို့
လွှာခြုံဧပြန်တော့တယ်လေး။
ဆဲ့နှစ်ဖြာငယ်၊ ရာသီဓနု
ရွှေဟင်္သာလည်း၊ တာရာပြုလို့
ဇေယျချယ်ဗြဟ္မာ
ဟေမန်ခါမို့
မဟာပိန္နဲ၊ နတ်မင်းပွဲမှာ
ကျွေးမွေးပူဇော်၊ လနတ်တော်ကို
ရှုမြှော်တိမ်ဆီ၊ မိဂသီလဲ၊
ခါညီညဉ့်လယ်
ထွန်းရောင်ချယ်သောခါ
နယ်အမရဦးကင်မှာ
ဂမုန်းအင်သဇင်မင်းငယ်က
သင်းလှတယ်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |