တန်ဆောင်မုန်းလဘွဲ့ လွမ်းချင်း
မြောက်လေငယ်သွင်းပါလို့
မြူနှင်းငယ်စိုစို
မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့်
ကြတ္တိကာထွန်းတဲ့ လကိုလေး။
တန်ဆောင်ငယ်မာသ
ဆနှစ်လတွင်
ချမ်းမြဧရင်၊ ပြိစ္ဆာခွင်သို့
ရင်ငယ်ပြောင်းခွာ၊ ခဝဲညှာလဲ
ခိုင်လွှာဝတ်မှုံ
ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ
လှူကထိန် သဘင်ခင်းလို့
ကျင်းကြတယ်လေး။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |