နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နာမ်တရား နာမ်တရားဟု သိမ်းဆည်းပါ

နာမ်တရား နာမ်တရားဟု သိမ်းဆည်းပါ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]၏ သတ်မှတ်ညွှန်ကြားချက်နှင့် အညီ နာမ်တရားတို့ကိုလည်း ပေါင်းစု ခြုံငုံ၍ သိမ်းဆည်း ရမည် ဖြစ်သည်။ အထက်တွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေ့ဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ တဖြည်းဖြည်း တိုး၍ တိုး၍ သိမ်းဆည်းရ၏၊ ယင်းနာမ်တရားတို့ကို ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ကုန်စင်အောင် သိမ်းဆည်းနိုင်သောအခါ သိမ်းဆည်းနေသော ဉာဏ်၌ ပြိုင်တူလိုလို ထင်လာသောအခါ ယင်းနာမ်တရားတို့၏ ရူပါရုံစသည့် မိမိရှုပွားသည့် ထိုထိုအာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို အာရုံယူ၍ ..

၁။ “ ဤကား နာမ်တရား”ဟုလည်းကောင်း,
၂။ “ နာမ်တရား နာမ်တရား”ဟုလည်းကောင်း ––

တစ်ပေါင်းတစ်စုတည်း ပြု၍ သိမ်းဆည်းပါ ရှုပါ။ ဇယားများတွင် ဖော်ပြထားသည့် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားအားလုံးကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်နေမှုကို မမြင်သေးလျှင် ထိုသို့ မရှုပါနှင့်ဦး။ ဉာဏ်ဖြင့် မြင်သောအခါမှ ထိုနာမ်တရားအားလုံးကို ပေါင်းစုခြုံငုံ၍ ထိုသို့ ရှုရန် ဖြစ်သည်။

  1. သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)