နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရှင်သေမင်း မမြင်နိုင်သူ

ရှင်သေမင်း မမြင်နိုင်သူ

အထက်ပါ ဒေသနာတော်နှင့် အညီ ယောဂီသူတော်ကောင်းသည်လည်း သင်္ခါရလောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်ပါက ရှင်သေမင်းက မမြင်နိုင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ မသေရာ အမြိုက် နိဗ္ဗာန် တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ပေသည်။

ပဝတ္တမှ အပဝတ္တသို့, အဖြစ်နယ်မှ မဖြစ်နယ်သို့ ကူးပြောင်းသွားနိုင်ပေသည်။ မဖြစ် မပျက်သည့်နယ်၌, တစ်နည်း ဖြစ်ပျက်ကုန်ဆုံးသည့်နယ်၌, တစ်နည်း အပျက်ဆုံးသည့် နယ်မြေ၌ အဓိဋ္ဌာန်ပြုသည့်အတိုင်း အချိန်ကာလပိုင်းခြား၍ နေချင်တိုင်းနေနိုင်အောင် လေ့ကျင့်ပါ။ ဤနေရာတွင် ဉာဏ်စဉ် (၁၆) ပါးကို အကျဉ်းချုပ်ကာ ထပ်မံ တင်ပြအပ်ပါသည်။