မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၇။ နွေဦးမြိုင်လယ်
1978မောင်ခွေးဖို့ ကဗျာများ — ၇။ နွေဦးမြိုင်လယ်မင်းသုဝဏ်

ဝဲကာပျံကာ
လေတွင်ပါသည်
လိပ်ပြာပေလား
ရွက်ဝါလား။

စိမ်းလဲ ဝင်းတောက်
ပင်တိုင်းရောက်သည်
မြကျောက်ပေလား
ရွက်သစ်လား။

ချိုသာညက်ညော
သံစုံနှောသည်
တယောလား
ငှက်သံလား။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.