မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၆။ ဥပုသ်စောင့်
4449မောင်ခွေးဖို့ ကဗျာများ — ၆။ ဥပုသ်စောင့်မင်းသုဝဏ်

ဆွမ်းအုပ်နီနီ
အမေရွက်လို့
နက်ဖြန်မနက်
ကျောင်းထွက်မယ်။

မောင်လဲလိုက်မယ်
ချန်မထားနဲ့
အမေသွားတော့
ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့
ရိုက်လိမ့်မယ်။

မောင်မဆော့ပေါင်
စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို
နေပါ့မယ်။
လိုက်မယ်
လိုက်မယ်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.