ပဉ္စဥပါသကဝတ္ထုဂါထာ -၂
၁၈-မလဝဂ်
၉-ပဉ္စဥပါသကဝတ္ထုပါဠိဂါထာ
နတ္ထိ မောဟသမံ ဇာလံ, နတ္ထိ တဏှာသမာ နဒီ။
ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ဂဟော၊ ဖမ်းယူတတ်သော တရားသည်။ နတ္ထိ၊ မရှိ။ မောဟသမံ၊ မောဟနှင့် တူသော။ ဇာလံ၊ ပိုက်ကွန်သည်။၂ နတ္ထိ။ တဏှာသမာ၊ တဏှာနှင့်တူသော။ နဒီ၊ မြစ်သည်။ နတ္ထိ။ (ပါ-၂၅၁)
၁။သမူဟတံ။ ။ သမူဟညိတ္ထာတိ သမူဟတံ၊ သံ+အဝ+ဟန+တ၊ အဝကို ဩပြု၊ တေသု ဝုဒ္ဓိဖြင့် ဩကို ဥုပြု(နီတိသုတ္တ-၂၆၅)၊ ဆရာတို့အလို သံ+ဥ+ဟန+တ၊ ဥကို ဒီဃပြု၊ ဥသည် သက္ကတ၌ “ဥဒ်”ဟု ရှိသည်၊ ပါဠိ၌ ဒ်ပျောက်သောကြောင့် ထိုအစား ဒွေဘော်လာ သင့်လျှင် ဒွေဘော်လာ၍ ဒီဃပြုသင့်လျှင် ဒီဃပြုရ၏၊ ထိုကြောင့် ဥုဒီဃပြုရသည်။ (သီဘာ- ၄, ၁၄)
ပဉ္စဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။