မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၁။ ပိုးစုန်းကြူး
2125မောင်ခွေးဖို့ ကဗျာများ — ၁၁။ ပိုးစုန်းကြူးမင်းသုဝဏ်

ကြယ်မင်းသောကြာ ပြောင်ပြောင်လက်လို့
ညချမ်းဘက်ကို ရောက်တဲ့ခါ။
မည်းမည်းညိုညို ဟိုချုံပုတ်က
မှိတ်တုတ်မှိတ်တုတ် တောက်ကြရှာ။
သိကြားပြည်မှာ ကြယ်တွေပျင်းလို့
တို့ရွာတွင်းကို ပျံဆင်းလာ။
ပိုးစုန်းကြူးကို အမြင်သားနဲ့
လာမဝါးနဲ့ မောင်တို့ရာ။
စုန်းပါ စုန်းပါ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.