မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁ဝ။ ဖြစ်ရလေ
2261မောင်ခွေးဖို့ ကဗျာများ — ၁ဝ။ ဖြစ်ရလေမင်းသုဝဏ်

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလဲ ဟင်။
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ် ရှင်။
ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလား ဟင်။
မောင်ကြီး သဘောအတိုင်း ပင်
လိုက်ချင်လိုက်ပေါ့ ရှင်။
မောင်ကြီးမေတ္တာ ပန်းကိုဆင်
လက်ထပ်မလား ဟင်။
မောင်ကြီး သဘောအတိုင်း ပင်
နာယူပါ့မယ် ရှင်။

နှမလေးရဲ့ မွေးဖခင်
ဘာလုပ်စားလဲ ဟင်။
ထွန်ထယ်ရုန်းလို့ လယ်ကွင်းပြင်
လယ်လုပ်စားတယ် ရှင်။
မောင်ကြီးနှမ ခိုင်သဇင်
ပစ္စည်းရှိလား ဟင်။
နှမလေးရဲ့ အဆင်းပင်
ပစ္စည်းပါပဲ ရှင်။
သည်လိုဖြင့်လဲ ခိုင်သဇင်
မယူနိုင်ဘူး ထင်။
ယူပါလို့များ ပျိုလေးခင်
ပြောဖူးလို့လား ရှင်။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။