မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၂။ ပျားနှင့်ပန်း
2185မောင်ခွေးဖို့ ကဗျာများ — ၂၂။ ပျားနှင့်ပန်းမင်းသုဝဏ်

ကိုရွှေပျား ကိုရွှေပျား
ကျွန်ုပ်တို့ဆီ လာပါလား။
ကျွန်ုပ်တို့က ပန်းနီနီ
ဥယျာဉ်ထဲမှာ စီရီရီ။
ပန်းမျိုးစေ့တွေ လုပ်ဖို့ရေး
ရွှေပျားကူမှ ဖြစ်မည်လေ။
ထိုကြောင့် ရွှေပျား တောင်ပံကား
ဝတ်မှုန်ဆောင်လို့ လာပါလား။
ကိုရင်ပန်း ကိုရင်ပန်း
တတ်နိုင်သမျှ ကူမည်မှန်း။
တောင်ပံကားနှင့် ကဟန်ချီ
ဝတ်မှုန်ဆောင်လို့ လာပါပြီ။
သို့ပါသော်လည်း ဝမ်းဆာလှ
ကျွေးဖွယ် မွေးဖွယ် ရှိပါစ။
ရဲဘော်ချင်း ရဲဘော်ချင်း
ကျွေးမည် မွေးမည် ပျက်မယွင်း။
ကျွန်ုပ်ဝမ်းထဲ အတွင်းမှာ
ဝတ်ရည် ဝတ်ရက် ဝှက်ထားပါ။
အတွင်းဝင်လို့ သောက်ကာသုံး
ဝတ်ရည် ဝတ်ရက် ချိုပြုံးပြုံး။
ခုလိုရွှေပျား တောင်ပံကား
ကူညီကြလျှင် မကောင်းလား။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။