မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၁။ သူတို့ရွာ
4004မောင်ခွေးဖို့ ကဗျာများ — ၂၁။ သူတို့ရွာမင်းသုဝဏ်

နှံကောင်စိမ်းက အသံလွှင့်လို့
ကောင်းကင်မြင့်မှာ ပင့်ကူငယ်
ကောင်းကင်ကြိုးကို သွယ်။
ဖားသူငယ်က ပန်းချုံနား
သောတဆင်ဖို့ သွား။
အသံကြားတော့ ပုတ်သင်ညို
ပန်းပင်ရိပ်ကို ခို။
စကားမဆို အသံတိတ်
ခေါင်းကို တွင်တွင် ညိတ်တယ်လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.