ဘုရားအလောင်း တောထွက်တော်မူခြင်း

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄။ ဘုရားအလောင်း တောထွက်တော်မူခြင်း
2397ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၄။ ဘုရားအလောင်း တောထွက်တော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားအလောင်း တောထွက်တော်မူခြင်း

ပြင်ဆင်ရန်

ထီးနန်းစည်းစိမ်ခံစားနေသော သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် တရားရှာရန် တောမထွက်မီ ယသောဓရာမင်းသမီးနှင့် သားတော်ရာဟုလာကို အိပ်ခန်းဝမှ လှမ်းကြည့်တော်မူခဲ့သည်။

ကဏ္ဍကမြင်းကို စီး၍ ဆန္နအမတ်နှင့်အတူ တောထွက်တော်မူခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် အနော်မာမြစ်ကမ်းတွင် ဆံတော်ကို ဖြတ်၍ မင်းဝတ်တန်ဆာများကို စွန့်ပယ်တော်မူခဲ့သည်။

ရဟန်းပြု၍ တောထဲတွင် တစ်ပါးတည်း တရားကျင့်တော်မူခဲ့သည်။