ဘုရားအလောင်း ငယ်စဉ်ဘဝ
သင်ခန်းစာ (၃)
ဘုရားအလောင်း ငယ်စဉ်ဘဝ
ပြင်ဆင်ရန်ဘုရားအလောင်းမင်းသားလေးကို “သိဒ္ဓတ္ထ”ဟု အမည်မှည့်ကြသည်။ သိဒ္ဓတ္ထမင်းသားလေးကို ဖခင်ဘုရင်ကြီးနှင့်ဆွေမျိုးတို့က အလွန်ချစ်ကြသည်။
ဘုရင်ကြီးသည် မင်းသားလေးအတွက် အလွန်လှပသော ရေကန်ကြီးများကို ဆောက်လုပ်ပေးထားသည်။
အတတ်ပညာပြပွဲတွင် မင်းသားလေးသည် မြားပစ်နည်းမျိုးစုံကို အံ့သြဖွယ် ပြသခဲ့သည်။
အတတ်ပညာမျိုးစုံ တတ်ကျွမ်းသော မင်းသားလေးကို ဖခင်ဘုရင်ကြီးက ယသောဓရာမင်းသမီးလေးနှင့် လက်ထပ်ပေးခဲ့သည်။
ဘုရားအလောင်းမင်းသား
ပြင်ဆင်ရန်အများအကျိုး ဆောင်လို့ပါ။
သိဒ္ဓတ္ထ ခေါ်တာ။
လောကမှာ ရှေ့ဆောင်ကောင်း၊
ငါတို့ ဘုရားအလောင်း။ ။