ဘုရားအလောင်း ဖွားတော်မူခြင်း

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂။ ဘုရားအလောင်း ဖွားတော်မူခြင်း
2401ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂။ ဘုရားအလောင်း ဖွားတော်မူခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

ဘုရားအလောင်း ဖွားတော်မူခြင်း

ပြင်ဆင်ရန်

ရှေးအခါက ဘုရင်ကြီးသုဒ္ဓေါဒနနှင့် မိဖုရားကြီး မာယာဒေဝီတို့ ရှိခဲ့ကြသည်။

တစ်နေ့သ၌ မိဖုရားကြီး အိပ်သောအခါ “ဆင်ဖြူတော်လေးက မိဖုရားကြီးဝမ်းဗိုက်ထဲသို့ ဝင်သွားသည်”ဟု အိပ်မက်မြင်မက်သည်။

အိပ်မက်မက်ပြီး ဆယ်လကြာသောအခါ အလွန်လှပသော အင်ကြင်းဥယျာဉ်သို့ ရောက်လာခဲ့သည်။

မိဖုရားကြီးသည် အင်ကြင်းကိုင်းကို ကိုင်၍ ဘုရားအလောင်းတော်လေးကို ဖွားမြင်တော်မူသည်။

ဘုရားအလောင်း ဖွားတော်မူခန်း

ပြင်ဆင်ရန်

သုဒ္ဓေါဒန ဖခင်ပါ။
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။ ။