မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၉။ ယီးလေလေး
2943မောင်ခွေးဖို့ ကဗျာများ — ၉။ ယီးလေလေးမင်းသုဝဏ်

မုန်တိုင်းကထန် ချောင်းကလျှံ
ဝဲသံကကြွေး လှိုင်းကဖွေး
ယီးလေလေ့ယီးလေလေး။
မိုးပေါက်ကနာ ဖြုတ်ကလာ
လမ်းတာကဝေး လေကအေး
ယီးလေလေ့ ယီးလေလေး။
ဖော်ချင်းတို့ရေ တို့တစ်တွေ
လှော်လေအပြေး ယက်ဖွေးဖွေး
ယီးလေလေ့ ယီးလေလေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.