3219ဝါခေါင်လဘွဲ့ တေးထပ်အမတ်ကြီး ဦးပေါ်ဦး

သိဟ်ရာသီ ဝါခေါင်လမှာ
သရဝဏၰ တူညီ
ဆဲ့တလုံး တပါဒ်ချီသည်
ဆစမ္မီ ညဉ့်ကူး။
ဇောတြိ နေ့နာရီမှာ
သံစုံချီ မိုဃ်းတွေကမြူး။

ခတ္တာပန်း မိုဃ်းစွေငယ်
ညှာတံရွှေ ပွင့်ဖူး။
ရိပ်ဆာယာ ဧက်ကြူးလို့
ပွဲတော်ဦး သဘင်။
စာရေးတံ စီမံကြ
ဆန်းနိုင်မျှ သည်ရာသီတွင်။

လေးနန္တ နယ်ခွင်မှာ
တို့မယ်ခင် စံပြိုင်မဲ့သူမို့
စာဘွဲ့လို့ မပြည့်စုံ
နန်းကြာရိပ်လှုံ။
မိုဃ်းဝဿ အမ္ဗုန်ငယ်
မာန်တဂုဏ် ပျိုးလိုက်လှလေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။