3230ဝါဆိုလဘွဲ့ တေးထပ်အမတ်ကြီး ဦးပေါ်ဦး

လဝါဆို မည်နာမ
ကာရက္ကဋ ရာသီ
ကိုးလုံးပြည့် ပါဒ်သုံးမှီသည်
ဇောစမ္မ ညဉ့်ကူး။
ဆတ္တိံသ နေ့နာရီမှာ
အာသဠီ မိုဃ်းလယ်ကမြူး။

ဘဝါးသုည မပေါ်ပါသည်
ပဉ္စင်းလျှာ အထူး။
ဉာတ်ကမ္မဝါ ယှဉ်ပူးလို့
သိမ်တော်ဦး အလယ်။
သာသနာ ဆင့်ဆင့်တိုးအောင်လို့
ကြိုးစားကြ မြတ်သာကိနွယ်။

ရဝေကြော့ ဘုံလယ်မှာ
ရင့်စပယ် ပင်ကိုယ်ထွားငယ်တို့
မြိတ်ဖါးဖါး ဆံကေသွယ်ကာ
ရုံးတင်လို့သာ။
ပုန်းညက်ပွင့် မာလာငယ်
ဆင်တော်ရာ ရွှေပန်းပလေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။