ဝါခေါင်လဘွဲ့ လွမ်းချင်း
မြှော်ရောင်သာပန်းတော့
တောင်ကမ်းတဲ့ပြည့်လျှံ
နဒီငယ်ခြံသည်
ပြည်မင်းစံရွှေဘုံက
အကုန်ထူးတဲ့ လကိုလေး။
ရာသီသိဟ်ငယ်
နေမိန္ဒရ၊ ဝါခေါင်လမို့
တောင်မြတ်ထွတ်စွန်
သရဝဏ်လည်း၊
ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်
ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့
လှူစာရေးတံ
သဘင်စုံ ခံဆဲမို့
လွန်းရန်ဘွဲ့သည်ချိန်ကို
ဒေဝရိန်ပဇ္ဇုန်မှူးငယ်က
မြူးလှတယ်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |