တော်သလင်းလဘွဲ့ လွမ်းချင်း
ရေယဉ်စန်းငယ်နှင့်
သောင်ကမ်းငယ်ပြည့်လျှံ
မြစ်လုံးငယ်ညံသည်
လှော်တက်သံမြိုင်မြိုင်နှင့်
လှေပြိုင်ကျင်းတဲ့ လကိုလေး။
ကန်ရာသီငယ်
ခါမှီသင့်စွာ၊ ဘွေအာကာတွင်
ပြုဗ္ဗာပရပိုက်
ကြက်ညီနောင် တောင်တဝိုက်
ရေလိုက်ကဲ့သဘင်
စံပယ်ရွှင်သောခါ
မြိုင်ခွင်လုံးကန္တာမှာ
ရွှေယင်းမာ ပန်းတော်မင်းငယ်က
သင်းလှတယ်လေး။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |