ဝါဆိုပွဲ
သင်ခန်းစာ (၃၉)
ဝါဆိုပွဲ
ပြင်ဆင်ရန်မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောကြားတော် မူခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့”ဟု သတ်မှတ်ကြသည်။
ဝါဆိုလ၌ ရဟန်းတော်များ ဝါဆိုကြသည်။ ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ဆက်ကပ်ကြသည်။
ဝါဆိုပွဲ
ပြင်ဆင်ရန်လမြတ်ဝါဆို သည်ကာလမို့၊ ပန်းခူးကြစို့ ကပ်လှူရန်။ မလေးအသံ ညံညံပေးတော့၊ မြန်မြန်ပြေးပေါ့ မထွေးဇံ။ စေတီမြတ်ထံ ပန်းကပ်ပြီးသော်၊ ဘုန်းကြီးကျောင်းပေါ် သွားမယ့်ဟန်။ သင်္ကန်းလှူရန် အတူနွှဲလို့၊ အလှူပွဲမို့ ပျော်ကြပြန်။ ပျော်ကြပြန် ပျော်ကြပြန်။ ။