သီတင်းကျွတ်လပြည့်နေ့
သင်ခန်းစာ (၄၀)
သီတင်းကျွတ်လပြည့်နေ့
ပြင်ဆင်ရန်မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူ၍ သီတင်းကျွတ်လပြည့်နေ့၌ နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော်မူခဲ့သည်။
မီးထွန်းပွဲတော်
ပြင်ဆင်ရန်သီတင်းကျွတ်ပြီ မီးထွန်းမည်။
မီးပူဇော်ပွဲ နွှဲကြမည်။
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွားမိဘ ကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူနီဝါပြာ ဘယ်သူနိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့။ ။
သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတို့သည် မြတ်စွာဘုရားအား မီးရောင်စုံများ ထွန်းညှိပြီး ပူဇော်လေ့ရှိကြသည်။