ဝိနည်းဥပဒေတော်ကြီး/ပါဋိဒေသနီယ အခန်း
၁၇။ ပါဋိဒေသနီယအခန်း
၁။ သပ္ပိဝိညာပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြား ထားသော သူတို့ထံမှ ထောပတ်ကို တောင်း၍ စားငြားအံ့၊ ထိုဘိက္ခုနီအား မျိုတိုင်းမျိုတိုင်း သပ္ပိဝိညာပနပါဋိဒေသနီအာပတ်သင့်၍ “အရှင်မတို့ ... ဘုရားတပည့်တော်မသည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ။ ထိုပါဋိဒေသနီ အာပတ်ကို သီးခြား ဒေသနာပြောကြားပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။
၂။ တေလဝိညာပန
အကြင်ဘိက္ခုနီသည်။ ပ။ ဆီကို။ ပ။ ဒေသနာပြောရမည်။
၃။ မဓုဝိညာသပန
အကြင်ဘိက္ခုနီသည်။ ပ။ ပျားရည်ကို။ ပ။ ဒေသနာပြောရမည်။
၄။ ဖာဏိတဝိညာပန
အကြင်ဘိက္ခုနီသည်။ ပ။ တင်လဲကို။ ပ။ ဒေသနာပြောရမည်။
၅။ မစ္ဆဝိညာပန
အကြင်ဘိက္ခုနီသည်။ ပ။ ငါးဟင်းကို။ ပ။ ဒေသနာပြောရမည်။
၆။ မံသဝိညာပန
အကြင်ဘိက္ခုနီသည်။ ပ။ နွားသား စသော အသားဟင်းကို။ ပ။ ဒေသနာပြောရမည်။
၇။ ခီရဝိညာပန
အကြင်ဘိက္ခုနီသည်။ ပ။ နွားနို့စသော နို့ရည်ကို တောင်း၍ သောက်ငြား အံ့။ ပ။ ဒေသနာပြောရမည်။
၈။ ဒဓိဝိညာပန
အကြင်ဘိက္ခုနီသည် မနာမဖျားဘဲလျက် ဆွေမျိုးမတော် မဖိတ်ကြားထား သော သူတို့ထံမှ နို့ဓမ်း, နို့ချဉ်ကို တောင်း၍ စားငြားအံ့၊ ထိုဘိက္ခုနီသည် မျိုတိုင်း မျိုတိုင်း ဒဓိဝိညာပနပါဋိဒေသနီအာပတ် သင့်၍ “အရှင်မတို့ ...ဘုရားတပည့် တော်မသည် ကဲ့ရဲ့အပ်သော မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ။ ထိုပါဋိဒေသနီအာပတ်ကို သီးခြား ဒေသနာပြောကြားပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။
ပါဋိဒေသနီယအခန်း ပြီးပြီ။
ဘိက္ခုနီပါတိမောက် (မြန်မာသက်သက်) ပြီးပြီ။