ဝိနည်းဥပဒေတော်ကြီး/အကပ္ပိယ ပစ္စည်းမျိုး

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၃၅။ အကပ္ပိယ ပစ္စည်းမျိုး
3396ဝိနည်းဥပဒေတော်ကြီး — ၃၅။ အကပ္ပိယ ပစ္စည်းမျိုးအရှင်သြဘာသ

၃၅။ အကပ္ပိယ ပစ္စည်းမျိုး

ကုလဒူသန ၈-ပါး

သီး, ပွင့်, ကသေ၊ မြေ, ဒန်ပူ, ဝါး၊ ဆေးဝါး, စေခံ၊
လာဘ် ငဲ့မှန်၊ ဒူသန် ကုလ ရှစ်။

၁။ သစ်သီးပေးခြင်း၊
၂။ ပန်း သစ်ပွင့်ပေးခြင်း၊
၃။ ရေချိုးကသည်မှုန့် (ဆပ်ပြာမှုန့်), မျက်နှာခြေမှုန့် ပေးခြင်း၊
၄။ သင်္ဘောဆပ်ပြာခဲ စသော မြေညက် ပေးခြင်း၊
၅။ ဒန်ပူပေးခြင်း၊
၆။ အိမ်၌သုံးရန် သစ်, ဝါး ပေးခြင်း၊
၇။ ဆေးဝါး ဓာတ်စာ ပေးခြင်း, ဆေးကုပေးခြင်း၊
၈။ လူအစေအပါးခံ၍ တမန်ကိစ္စနှင့် သွားလာခြင်း။[ကုလဒူသန ၈-ပါး]

ကုလဒူသန်၊ အင်ရှစ်တန်၊ နေသန် နှစ်ဆယ့်တစ်။
ရွှေ, ငွေခံငြား၊ စျာန်မဂ်ကြား၊ ဆေးဝါး, ဗေဒင်ဖြစ်။
မိစ္ဆာဇီဝ၊ ဟောဖော်ပြ၊ တရာ့ငါးဆယ်နှစ်။
ထိုနှင့် ရလတ်၊ ပစ္စည်းရပ်၊ မအပ် ကြဉ်ပယ်ပစ်။

အဓိပ္ပာယ်

၁။ ကုလဒူသနမှု (၈)ပါးနှင့် ရသော ပစ္စည်းမျိုး၊
၂။ အနေသနမှု (၂၁)ပါးနှင့် ရသော ပစ္စည်းမျိုး၊
၃။ ရွှေ, ငွေကိုခံမှု၊ ရောင်းဝယ်လဲလှယ်မှုတို့နှင့် ရသော ပစ္စည်းမျိုး၊
၄။ စျာန်, မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၍ ရသော ပစ္စည်းမျိုး၊
၅။ ဆေးဝါးကုသ၍ ရသော ပစ္စည်းမျိုး၊
၆။ ဗေဒင်ယာယီ ဟောပြော၍ ရသော ပစ္စည်းမျိုး၊
၇။ ဗြဟ္မဇာလသုတ်ကြီး၌ လာသော မိစ္ဆာဇီဝမှုမျိုး ၁၅၂-ပါးနှင့် ရသော ပစ္စည်း မျိုး၊ ဤပစ္စည်းမျိုးသည် သီတင်းသုံးဖော် ငါးယောက်တို့အားလည်း သုံး ဆောင်ခြင်းငှာ မအပ်။

အကပ္ပိယ ပစ္စည်းမျိုး ပြီးပြီ။