3402ဝိနည်းဥပဒေတော်ကြီး — ၃၆။ အနေသန ၂၁-ပါးအရှင်သြဘာသ

၃၆။ အနေသန ၂၁-ပါး

အနေသန ၂၁-ပါး ဟူသည် —

၁။ ဒါယကာတို့အား လာဘ်အကျိုးငှာ ဝါးပေးခြင်း၊
၂။ အပွင့် ပေးခြင်း၊
၃။ အသီး ပေးခြင်း၊
၄။ ဒန်ပူ ပေးခြင်း၊
၅။ မျက်သစ်ရေ ပေးခြင်း၊
၆။ ခေါင်းလျှော်စရာ ကင်ပွန်း, တရော် ပေးခြင်း၊
၇။ ချေးတွန်းစရာ ကသယ်မှုန့်, ကုက္ကိုမှုန့် ပေးခြင်း၊
၈။ သုံးစရာ မြေနီ, မြေဖြူ ပေးခြင်း၊
၉။ မိမိကိုယ်ကို နှိမ့်ချ၍ ‘ကျွန်ုပ်, ဗျာ’ စသည်ဖြင့် ဒကာတို့အား ပြောဆိုခြင်း၊
၁၀။ ပဲနောက်ဟင်းကဲ့သို့ မမှန်တချက် မှန်တချက် ပြောဆိုခြင်း၊
၁၁။ ရွာသူသားငယ်တို့ကို ထိန်းယခြင်း၊
၁၂။ လူတို့ မှာကြားလိုက်သော သတင်းစကားကို ဆောင်ခြင်း၊
၁၃။ ဆေးကုခြင်း၊
၁၄။ တမန်သည်မှု ပြုခြင်း၊
၁၅။ ဆွမ်းတုံ့ပေးခြင်း၊
၁၆။ ယာကြန်ကို ကြားခြင်း၊
၁၇။ လယ်ကြန်ကို ကြားခြင်း၊
၁၈။ ယောက်ျား, မိန်းမတို့၏ လက္ခဏာကြန်ကို ကြားခြင်း၊
၁၉။ မိတ္တသန္ထဝပြု၍ နိစ္စဘတ်ဆွမ်း မခံအပ်သော ပြည့်တန်ဆာမ စသော ခြောက်ပါးသော ဌာနတို့၌ နိစ္စဘတ်ဆွမ်းခံခြင်း၊
၂၀။ မင်း၏ အမတ်စသည်တို့နှင့် အကျွမ်းတဝင် မိတ်ခင်ပွန်းဖွဲ့ခြင်း၊
၂၁။ သာသနာတော်၌ မကြည်ညိုသောသူ အစရှိသည်ကို မှီဝဲခြင်းအားဖြင့် နှစ်ဆယ့်တစ်ပါး ဖြစ်သည်။

အနေသန ၂၁-ပါး ပြီးပြီ။