ဝိသုံဂါမ သီမာဝိနိစ္ဆယ/ဝိသုံဂါမ ဝိနိစ္ဆယ

ဝိသုံဂါမ သီမာဝိနိစ္ဆယ
by အဘယာရာမဆရာတော်
၂။ ဝိသုံဂါမ ဝိနိစ္ဆယ
3479ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၂။ ဝိသုံဂါမ ဝိနိစ္ဆယအဘယာရာမဆရာတော်

     ယခုအခါ ဝိသုံဂါမဝိနိစ္ဆယကို ပါဠိအဋ္ဌကထာတို့ဖြင့် ထင်ရှားအောင် ပြဆိုပေအံ့။ သိမ်သည် ဗဒ္ဓသိမ်, အဗဒ္ဓသိမ်ဟု နှစ်ပါးရှိ၏၊ ထိုတွင် ဗဒ္ဓသိမ်၏ အကျဉ်းအကျယ် ပမာဏသည်သာ ပါဠိတော်၌ လာ၏၊ လာပုံကား“အနုဇာနာမိ ဘိက္ခဝေ တိယောဇနပရမံ သီမံ သမ္မန္နိတုံ။” မဟာဝဂ္ဂ၊ ဥပေါသထက္ခန္ဓက။ (ဝိ၊ ၃။ ၁၄၅။)

     အကျယ်ဆုံး သုံးယူဇနာရှိသော သိမ်ကိုသာ သမုတ်အပ် ၏ဟူလို။ “ဧကာဒသဟိ အာကာရေဟိ သီမတော ကမ္မာနိ ဝိပဇ္ဇန္တိ အတိခုဒ္ဒကံ သီမံ သမ္မန္နတိ၊ အတိမဟတိ သီမံ သမ္မန္နတိ။” ပရိဝါ၊ ကမ္မဝဂ်။ (ဝိ၊ ၅။ ၃၈၁။)

     “အတိခုဒ္ဒကသီမာ နာမ ယာ ဧကဝီသတိ ဘိက္ခု န ဂဏှာတိ” ၎င်းအဋ္ဌကထာ။ (ဝိ ၊ဋ္ဌ ၊၄၊ ၂၄၈။) နှစ်ကျိပ်တစ်ယောက်သော ရဟန်းတို့သည် မစည်းဝေးလောက်အောင်ကျဉ်းမူ သိမ်မဟုတ်ဟူလို။ ဤသို့ ဗဒ္ဓသိမ်၏သာ အကျဉ်းအကျယ်ပမာဏကို ဟောတော်မူ၍ ဂါမ,နဒီ,သမုဒ္ဒ, ဇာတဿရ,အရညဟူသော အဗဒ္ဓသိမ်တို့၏ အကျဉ်း အကျယ်ပမာဏကို မဟောမူ၍ “ယံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ၊ ယာ တဿ ဝါ ဂါမဿ ဂါမသီမာ၊ နီဂမဿ ဝါ နိဂမသီမာ၊ အယံ တတ္ထ သမာနသံဝါသာ ဧကူပေါသထာ။” စသည် ဖြင့် (ဝိ၊ ၃။ ၁၅ဝ။) သာမညအားဖြင့်သာ ဟောတော်မူ၏၊ ထို့ကြောင့် ဗာရာဏသီမြို့ကြီးကဲ့သို့ ၁၂-ယူဇနာကျယ်သော မြို့ဖြစ်မူ ဂါမ သိမ်သည် ၁၂ ယူဇနာသော်၎င်း ထို့ထက်အလွန်၎င်း ကျယ်နိုင်၏။ အကျဉ်းအားဖြင့်လည်း ယုတ်သောအပိုင်းအခြားအားဖြင့် တစ်ပေပတ်လည်, သို့မဟုတ် တစ်လက်မပတ်လည်မျှပင် ကျဉ်းနိုင် ငယ်နိုင်၏။ ထို့ကြောင့် အဋ္ဌကထာဆရာသည်လည်း ဂါမသိမ်၏ အကျဉ်းအကျယ် ပမာဏကို မဆိုမူ၍ “သော ပဒေသော အပ္ပေါ ဝါ ဟောတု မဟန္တောဝါ ဂါမသီမာတွေဝ သင်္ချံ ဂစ္ဆတိ”(ဝိ၊ဋ္ဌ၊ ၃။ ၃၃၃။)ဟု သာမည အားဖြင့်ပင် ဆိုတော်မူ၏။ နဒီ,သမုဒ္ဒ, ဇာတဿရ,အရညတို့လည်း ထို့အတူပင်တည်း။ ဥဒကုက္ခေပ, သတ္တဗ္ဗန္တရသောနေရာ၌ မပြုအပ်ဟုဆိုသော အဋ္ဌကထာစကားကို သတိပြုလေ။ အရာမဟုတ်၍ ၎င်းတို့၏ ဝိနိစ္ဆယကို ဤ၌ မရေးသတည်း။
          (မှတ်ရန်။ ဂါမသိမ်၏အကျဉ်းအကျယ် ပမာဏကို ပြနိုင်လျှင် ဝန်ခံရန် အသင့်ရှိ၏။)