မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၇။ သဘက်ဆေး
3626မောင်ခွေးဖို့ ကဗျာများ — ၂၇။ သဘက်ဆေးမင်းသုဝဏ်

နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့
ဖုတ်သဘက်တွေ လိုက်တတ်တယ်။
ဖုတ်သဘက်တွေ ကြောက်တဲ့ဆေးကို
ဘုန်းကြီးပေးလို့ ရှိပါတယ်။
သူငယ်ချင်းရယ် သဘက်ဆေးကို
ကျွဲရုပ်လေးနဲ့ လဲပါကွယ်။
ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွဲ့
သရဲလွှတ်လို့ ပြေးလိမ့်မယ်။
ရွတ်ကွယ် ရွတ်ကွယ်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.