မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၅။ အိပ်ပါလူလေး
4378မောင်ခွေးဖို့ ကဗျာများ — ၅။ အိပ်ပါလူလေးမင်းသုဝဏ်

နေမင်းဖန်ဝါ ယွန်းတော့ရှာ
အိပ်ပါလူလေး မေ့ရင်သွေး
ယီးလေလေ့ ယီးလေလေး။

ငှက်မ ငှက်ဖို သိုက်မြုံခို
သံချိုမကြွေး အိပ်ပြီလေး
ယီးလေလေ့ ယီးလေလေး။

ရနံ့ မထုံ ပန်းဝတ်မှုန်
ပန်းငုံမှာကွေး အိပ်ပြီလေး၊
ယီးလေလေ့ ယီးလေလေး။

လမင်းသော်တာ ရောင်ခြည်ဖြာ
အိပ်ပါလူလေး၊ မေ့ရင်သွေး
ယီးလေလေ့ ယီးလေလေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။