၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှုအက်ဥပဒေ
GOVERNMENT OF BURMA ACT, 1935
( 26 GEO. 5. CH. 3)
၁၉၃၅ ခုနှစ်၊
မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ
GOVERNMENT OF BURMA ACT, 1935
[26 GEO. 5. CH. 3.]
၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်
အုပ်ချုပ်မှုအက်ဥပဒေ။
[ပဉ္စမမြောက်ဂျော့ဘုရင်နန်းစံသက္ကရာဇ် ၂၆ ခုနှစ်တွင်ထုတ်ပြန်တော်မူသည့်
ဥပဒေတော်အခန်း ၃။]
ပုဒ်မများအစီအစဉ်။
အပိုင်း ၁။
အချီး
ပုဒ်မ။
- ၁။ ။အမည်တို
- ၂။ ။မြန်မာနိုင်ငံတော်ကို အသျှင်ဧကရာဇ် ဘုရင်မင်းမြတ် စီရင်အုပ်ချုပ် တော်မူခြင်း အကြောင်း။
အပိုင်း ၂။
အမှုဆောင်အစိုးရအဖွဲ့အကြောင်း။
ဘုရင်ခံမင်းကြီး။
- ၃။ ။ဘုရင်ခံမင်းကြီးခန့်ထားခြင်းနှင့်၊၎င်း၏အလုပ်ဝတ်တရားများအကြောင်း။
- ၄။ ။မြန်မာနိုင်ငံတော်အမှုဆောင်အစိုးရအခွင့်အာဏာအကြောင်း။
စီရင်အုပ်ချုပ်မှု။
- ၅။ ။ဝန်ကြီးချုပ်အဖွဲ့အကြောင်း။
- ၆။ ။ဝန်ကြီးချုပ်တို့နှင့်စပ်လျဉ်းသည့်အခြားပြဋ္ဌာန်းချက်များအကြောင်း။
- ၇။ ။ဘုရင်ခံမင်းကြီးသဘောအတိုင်းဆောင်ရွက်ရမည့်အလုပ်ဝတ်တရားများအကြောင်း။
- ၈။ ။ဘုရင်ခံမင်းကြီး၏အထူးတာဝန်များအကြောင်း။
- ၉။ ။မှာထားဆင့်ဆိုတော်မူသည့် အမိန့်တော်စာချွန်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များ အကြောင်း။
- ၁၀။ ။အတွင်းဝန်ကြီးချုပ်၏ကြီးကြပ်အုပ်ချုပ်မှုအကြောင်း။
- ၁၁။ ။ဘုရင်ခံမင်းကြီး၏ဘဏ္ဍာရေးအတိုင်ပင်ခံဝန်ကြီးအကြောင်း။
- ၁၂။ ။အစိုးရရှေ့နေချုပ်အကြောင်း။
- ၁၃။ ။ရာဇဝတ်အဖွဲ့ဆိုင်ရာနည်းဥပဒေများနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်အကြောင်း။
- ၁၃။ ။အစိုးရကိုတွန်းလှန်ဖြိုဖျက်ရန်အကြံအစည်ဖြင့် အပြင်းအထန်ထိခိုက် နာကျင်စေသော ရာဇဝတ်မှုများနှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များအကြောင်း။
- ၁၅။ ။အချို့သောသတင်းအကြောင်းအရာများ ရရှိရာဌာနစသည်များကို မပေါက်ကြားရခြင်း အကြောင်း။
- ၁၆။ ။အစိုးရမင်းတို့၏အမှုကိစ္စကိုဆောင်ရွက်ခြင်းအကြောင်း။
Price-Annas 8=9d.]
၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်
အုပ်ချုပ်မှုအက်ဥပဒေ။
[ပဉ္စမမြောက်ဂျော့ဘုရင်နန်းစံသက္ကရာဇ် ၂၆ ခုနှစ်တွင် ထုတ်ပြန်
တော်မူသည့်ဥပဒေတော်အခန်း ၃။]
မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအတွက်နောက်ထပ်ပြဋ္ဌာန်းချက်ပြုလုပ်ရန်အက်ဥပဒေ။
[၁၉၃၅ခုနှစ်၊ဩဂုတ်လ ၂ ရက်။]
ယခုပါလီမန်လွှတ်တော် အစည်းအဝေးသဘင်သို့ ရောက်ရှိနေကြသည့် မှူးမတ်မျိုး
နွယ်၌ဖြစ်သောအထက်ပါလီမန် လွှတ်တော်ဝင်ရှင်လူမှူးမတ်တို့နှင့် သာမန်မျိုးနွယ်၌
ဖြစ်သောအောက်ပါလီမန်လွှတ်တော်ဝင်မှူးမတ်တို့၏ အကြံဉာဏ်ပေးချက်၊ သဘော
တူညီချက်အရ၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှသော အသျှင်ဧကရာဇ်ဘုရင်
မင်းမြတ်ကိုယ်တော်တိုင်က၎င်း၊အဆိုပါပါလီမန်လွှတ်တော်၏အမိန့်အာဏာဖြင့်၎င်း၊
ဆိုလတ္တံ့သည့်အတိုင်းတရားဥပဒေပြဋ္ဌာန်းပိုင်းခြားတော်မူသည်။
အပိုင်း ၁။
အချီး
၁။ ။ယခုအက်ဥပဒေကို၊ ၁၉၃၅ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်
အမည်တို။ ဥပဒေဟူ၍ ခေါ်တွင်အပ်သည်။
၂။ ။(၁) မြန်မာနိုင်ငံတော်အတွင်း၊ ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှ
မြန်မာနိုင်ငံကိုအသျှင် သောအိန္ဒိယတိုင်းကြီး အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
ဧကရာဇ် ဘုရင်မင်းမြတ် စီရင် ကအခါကာလအားလျော်စွာ စိုးပိုင်တော်မူသည့်နယ်
အုပ်ချုပ် တော် မူ ခြင်း အ ပယ်များကို စီရင်အုပ်ချုပ်ခြင်းနှင့်စပ်လျဉ်းသည့်၊ သို့မ
ကြောင်း။ ဟုတ်သက်ဆိုင် သည့်အသျှင် ဧကရာဇ်ဘုရင်မင်းမြတ်
အထက်ကရရှိတော်မူသော ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာ
အားလုံးမှစ၍၊မြန်မာနိုင်ငံတော်အတွင်းအခြားမည်သည့်နယ်ပယ်များတွင်မဆိုဖြစ်စေ၊
၎င်းနယ်ပယ်များနှင့်စပ်လျဉ်း၍ဖြစ်စေ၊ သဘောတူ စာချုပ်အရသော်၎င်း၊ ပေးအပ်
ခြင်းအရသော်၎င်း၊ ထုံးစံဓလေ့အရသော်၎င်း၊ ဝန်ခံချက်အရသော်၎င်း၊အခြားနည်း
သော်၎င်း၊ မိမိကဆောင်ရွက်တော်မူပိုင်သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်
ပိုင်ခွင့်အာဏာ အရပ်ရပ်ကို၊ ယခုအက်ဥပဒေကဖြစ်စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊
အခြားနည်းပြဋ္ဌာန်းထားသမျှတွင်မှတပါး၊သို့မဟုတ်အသျှင်ဧကရာဇ်ဘုရင်မင်းမြစ်က
အခြားနည်း ဆင့်ဆိုတော်မူသမျှတွင် မှတပါး၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ်က
(၂) ဆိုခဲ့သည့်ဆိုင်ရာဆိုင်ခွင့်၊ အခွင့်အာဏာနှင့်စီရင်ပိုင်ခွင့်အာဏာများတွင်၊
မြန်မာနိုင်ငံတော်အတွင်းမည်သည့်နယ်ပယ်များနှင့်မဆိုစပ်လျဉ်း၍၊ နိုင်ငံတော်ဆိုင်ရာ
အတွင်းဝန်ကြီးချုပ်ကဖြစ်စေ၊ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ဆိုင်ရာအတွင်း
ဝန်ကြီးချုပ်ကဖြစ်စေ၊အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော ဘုရင်ခံချုပ်မင်းမြတ်
ကဖြစ်စေ၊ ကောင်စီအစည်းအဝေးတွင် အိန္ဒိယနိုင်ငံတော်ကို အစိုးရတော်မူသော
ဘုရင်ခံချုပ်မင်းမြတ်ကဖြစ်စေ၊မြန်မာနိုင်ငံတော်ကိုစီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံ
မင်းကြီးကဖြစ်စေ၊ မြန်မာနိုင်ငံတော် ဆိုင်ရာနိုင်ငံ အစိုးရမင်းတို့ကဖြစ်စေ၊ အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်ထံမှ လွှဲအပ်တော်မူချက်အရသော်၎င်း၊အခြားနည်းသော်၎င်း၊
အလျင်ကဆောင်ရွက်ပိုင်သောမည်သည့် ဆိုင်ရာဆိုင်ရာ၊ အခွင့်အာဏာ၊ သို့မဟုတ်
စီရင်ပိုင်ခွင့်အာဏာများမဆိုပါဝင်စေရမည်။
အပိုင်း ၂။
အမှုဆောင်အစိုးရအဖွဲ့အကြောင်း။
ဘုရင်ခံမင်းကြီး။
- ၃။ ။(၁) မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီး
ကို၊ ဘုရင်မင်းမြတ်ပေးအပ်တော်မူသည့် အမိန့်တော်
ဘုရင်ခံ မင်းကြီး ခန့်ထား စာချွန်ဖြင့်၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကခန့်ထား
ခြင်းနှင့်၊ ၎င်း၏ အလုပ် ဝတ် တော်မူ၍၊ ဘုရင်ခံမင်းကြီးမှာ၊ ယခုအက်ဥပဒေကဖြစ်
တရားများအကြောင်း။ စေ၊ ယခုအက်ဥပဒေအရဖြစ်စေ၊ မိမိသို့ပေးအပ်သည့်၊
သို့မဟုတ် မိမိအပေါ်တွင် တာဝန်ရှိစေသည့် အခွင့်အာဏာနှင့် အလုပ်ဝတ်တရား
အရပ်ရပ်မှစ၍၊ မိမိအားအသျှင်ဧကရာဇ်ဘုရင်မင်းမြတ်ကလွှဲအပ်တော်မူသည့်အသျှင်
ဧကရာဇ်ဘုရင်မင်းမြတ်၏ အခြားအခွင့် အာဏာများကိုရရှိသည်။
- (၂) ယခု အက်ဥပဒေတွင်၊ ဘုရင်ခံမင်းကြီး၏ အလုပ် ဝတ်တရားများကို
- (၂) ယခု အက်ဥပဒေတွင်၊ ဘုရင်ခံမင်းကြီး၏ အလုပ် ဝတ်တရားများကို
ရည်ညွှန်းချက်တစုံတရာမှာ၊ အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်က ဘုရင်ခံမင်းကြီးအား
ယခုပုဒ်မအပိုဒ် (၁) အရလွှဲအပ်တော်မူပြီး ဖြစ်သည့်အကြောင်းကြောင့် ဘုရင်ခံ
မင်းကြီးကဆောင်ရွက်တော်မူပိုင်သည့် အခွင့်အာဏာများကို ရည်ညွှန်းချက်မပါမဝင်
သကဲ့သို့အဓိပ္ပါယ်ကောက်ယူရမည်။
- (၃) ယခုအက်ဥပဒေဆိုင်ရာပဌမစာရင်းပါပြဋ္ဌာန်းချက်များမှာ၊ဘုရင်ခံမင်းကြီး
- (၃) ယခုအက်ဥပဒေဆိုင်ရာပဌမစာရင်းပါပြဋ္ဌာန်းချက်များမှာ၊ဘုရင်ခံမင်းကြီး
၏လစာငွေနှင့်စရိတ်ငွေများမှစ၍၊ဘုရင်ခံမင်းကြီးအား မိမိရာထူးဆိုင်ရာ အလုပ်ဝတ်
တရားများကို၊ အခွင့်သင့်လျော်စွာနှင့် ဂုဏ်ကြီးမြင့်သည့်အလျောက် ဆောင်ရွက်နိုင်
စေခြင်းငှါပြုလုပ်ရမည့်ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍၎င်း၊ ဘုရင်ခံမင်းကြီးအဖြစ် ခေတ္တ
ဆောင်ရွက်ရန်ခန့်ထားခံရသူတို့နှင့်စပ်လျဉ်း၍၎င်း၊အတည်ဖြစ်စေရမည်။
- ၄။ ။ (၁) ယခုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍၊
မြန်မာ နိုင်ငံတော် အမှုဆောင် အစိုးရ အခွင့် အာ
မြန်မာ နိုင်ငံ တော် အမှု ဏာကို၊ဘုရင်ခံမင်းကြီးက၊တိုက်ရိုက်ဖြစ်စေ၊ မိမိလက်
ဆောင် အစိုးရအခွင့် အာဏာ အောက်ခံ အရာရှိများဖြင့် တဆင့်ဖြစ်စေ၊ အသျှင်
အကြောင်း။ ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား ဆောင်ရွက်ရမည်။
( ၃ )
သို့သော်လည်းယခုအက်ဥပဒေပါ မည်သည့်အချက်မှာမျှ၊ မြန်မာနိုင်ငံတော်ဥပဒေပြု
အဖွဲ့အား၊ လက်အောက်ခံ အာဏာပိုင်တို့သို့ အလုပ်ဝတ်တရာများပေးအပ်ခြင်းမှ
တားမြစ်ခြင်းမရှိစေရ။ သို့မဟုတ် တရားရုံးတော်တစုံတရာ၊ တရားသူကြီး တဦးတ
ယောက်၊ သို့မဟုတ်အရာရှိတဦးတယောက်အားဖြစ်စေ၊ရပ်ကွက်ဆိုင်ရာအာဏာပိုင်၊
သို့မဟုတ်အခြားအာဏာပိုင်တစုံတရာအားဖြစ်စေ၊ အိန္ဒိယနိုင်ငံတော်၊ သို့မဟုတ်မြန်
မာနိုင်ငံတော်ဆိုင်ရာတည်ဆဲတရားဥပဒေတစုံတရာအရပေးအပ်ထားသည့်အလုပ်ဝတ်
တရားများကို၊ဘုရင်ခံမင်းကြီးသို့လွှဲပြောင်းပေးအပ်သည်ဟူ၍မှတ်ယူခြင်းမရှိစေရ။
- (၂) မြန်မာနိုင်ငံတော် အမှုဆောင် အစိုးရအခွင့်အာဏာတွင်၊ ဆိုလတ္တံသည့်
အမူအရာများကိုပြုလုပ်ပိုင်ခွင့်ပါဝင်သည်။
- (က) မြန်မာနိုင်ငံတော်တွင်၊ ရေတပ်၊ ကြည်းတပ်နှင့် လေတပ် များကို၊
- အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်၏ကိုယ်စားဖွဲ့စည်းခြင်းနှင့်၊ မြန်မာ
- နိုင်ငံတော်ဆိုင်ရာစစ်အဖွဲ့တွင်ပါဝင်သည့် အသျှင်ဧကရာဇ်ဘုရင်
- မင်းမြတ်၏တပ်တော်များကိုစီရင်အုပ်ချုပ်ခြင်း။
- (ခ) မြန်မာနိုင်ငံတော်အတွင်း၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ် ပိုင်နယ်
- ပယ်များ၏ အစိတ်အပိုင်းမဟုတ်သော ရပ်ကွက်များတွင်ဖြစ်စေ၊
- ၎င်းရပ်ကွက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အသျှင် ဧကရာဇ်ဘုရင်
- မင်းမြတ်က၊ သဘောတူစာချုပ်အရသော်၎င်း၊ ပေးအပ်ခြင်းအရ
- သော်၎င်း၊ ထုံးစံဓလေ့ အရသော်၎င်း၊ဝန်ခံချက်အရသော်၎င်း၊
- အခြားနည်းသော်၎င်း၊ ဆောင်ရွက်တော်မူပိုင်သည့် ဆိုင်ရာဆိုင်
- ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာများကို ဆောင်ရွက်
- ခြင်း။
- သို့သော်လည်း။—―
- (i) ဆိုခဲ့သည့်အခွင့်အာဏာမှာ၊ လူတဦးတယောက်သည်၊ အသျှင်
- ဧကရာဇ်ဘုရင်မင်းမြတ်၏တိုင်းသူပြည်သားသော်၎င်း၊ မြန်မာ
- နိုင်ငံတော်၊ သို့မဟုတ် အိန္ဒိယနိုင်ငံတော်တွင်ဖြစ်စေ၊ မြန်မာ
- နိုင်ငံတော်၊သို့မဟုတ်အိန္ဒိယနိုင်ငံတော်နှင့် နီးစပ်လျက်ရှိသော
- နယ်ပယ်များတွင်ဖြစ်စေ၊ နေထိုင်သည့် တိုင်းရင်းသားသော်
- ၎င်း၊မဟုတ်လျှင်၊၎င်းသူကိုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းသည့်
- တပ်များတွင်ဝင်ရောက်အမှုတော်ထမ်းရွက်စေခွင့်၊ သို့မဟုတ်
- စာရင်းသွင်းစေခွင့်အာဏာမပါမဝင်ချေ၊၎င်းပြင်
- (ii)ယင်းသို့သော တပ်တစုံတရာတွင် အမှုတော် ထမ်းရွက်စေရန်
- ကော်မီရှင်အမိန့်တော်များပေးအပ်ပိုင်ခွင့်အာဏာကို၊ အသျှင်
- ဧကရာဇ် ဘုရင်မင်းမြတ်က၊ အထက်တွင် နောက်ဆုံးပါရှိ
- သည့် ပုဒ်မအပိုဒ် (၁) ပါ ပြဋ္ဌာန်းချက်များ အရသော်၎င်း၊
- အခြားနည်းသော်၎င်း၊ လွှဲအပ်တော် မူသမျှတွင်မှတပါး၊ ထို
- ကော်မီရှင်အမိန့်တော်များကို အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
- ကပေးအပ်ရမည်။